မြိတ် ဇန်နဝါရီ ၂၇
(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို ပြောကြားသည်။
ထိုနောက် ဉာဏ်စမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ပါဝင်ဖြေဆိုခဲ့ကြပြီး အဖြေမှန်သူများကို အမှတ်တရ စာအုပ်လက်ဆောင်များကို လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ပေးအပ်ခဲ့သည်။
ဟောပြောပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသား/ သူများက ကြည့်ရှုလေ့လာခဲ့ကြ၍ ပြည်ထောင်စုနေ့အကြို စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)