မြိတ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်မြို့နယ် မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲများတွင် မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့လူငယ်များ ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး Kick Boxing ပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများကို ဖေဖော်ဝါရီ(၂၇)ရက်နှင့် (၂၈)ရက် ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အားကစားသမား(၅၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)