ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ကျွန်းစု ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်၍ ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွဲ  - ၁ ဘာသာရပ်တွင် ၄၂ ဦး၊ အတွဲ - ၂ ဘာသာရပ်တွင် ၃၇၅ ဦး၊ ဝိဇ္ဇာဘာသာရပ်တွင် ၇၃ ဦး၊ စု‌စုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၉၀ ဦးရှိရာ ဆရာ၊ ဆရာမများက ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ စတင်ကာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)