ကော့သောင်း မတ် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများအား အဂတိကင်းစင်လုပ်ငန်းခွင်ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးခြင်းများကို မတ်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးတွင် လိုက်နာရမည့် အချက်များ၊ အဂတိလိုက်စားမှုကင်းစင်ရေး ဆောင်ရွက်ရမည့်အချက်များ ဥပဒေ၏ အရေးပါမှုနှင့်ဥပဒေနှင့် စပ်လျဉ်း၍ အခြေခံသိသင့်သည့် အကြောင်းအရာများ၊ ဥဒေရေးဆွဲရေးအစီအစဉ်နှင့် အခြေခံသဘောတရားများ၊ ပြည်သူဝန်ထမ်းများအား ဥပဒေအရအကာအကွယ်ပေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းနှင့်သက်ဆိုင်သော ပြစ်မှုများ စသည့် အဂတိကင်းစင်လုပ်ငန်းခွင် ဖြစ်စေရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ကော့သောင်းခရိုင်နှင့်မြို့နယ်၊ ဘုတ်ပြင်းခရိုင်နှင့်မြို့နယ်မှ ဝန်ထမ်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)