ထားဝယ် မတ် ၂
(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး မိုးစပါးပန်းတိုင်အထွက်နှုန်းအများဆုံး ပထမဆုရရှိသည့် မြိတ်မြို့နယ်၊ သဘွတ်ကျေးရွာမှ အကျိုးဆောင်တောင်သူ ဦးအေးမင်းအားလည်းကောင်း၊ ဆောင်းသီးနှံ(မတ်ပဲ) တိုးချဲ့စိုက်ပျိုးမှုအကောင်းဆုံး ပထမဆုရရှိသည့် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးလွင်အားလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP) အသိအမှတ်ပြုလက်မှတ် ပထမဆုရရှိသည့် မြိတ်မြို့နယ်မှ အကျိုးဆောင်တောင်သူ ဦးချမ်းအေး အား လည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက မိုးစပါးပန်းတိုင်အထွက်နှုန်းအများဆုံး ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာမှ အကျိုးဆောင်တောင်သူ ဦးမင်းညီညီ အားလည်းကောင်း၊ ဆောင်းသီးနှံ(မတ်ပဲ)တိုးချဲ့ စိုက်ပျိုးမှုအကောင်းဆုံး ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်၊ စိုက်ပျိုး ရေးဦးစီးမှူးဦးထွန်းထွန်း အား လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)အသိအမှတ်ပြု လက်မှတ် ဒုတိယဆုရရှိသည့် ရေဖြူမြို့နယ်မှ အကျိုးဆောင်တောင်သူ ဦးအောင်မျိုးအားလည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်းက မိုးစပါးပန်းတိုင်အထွက်နှုန်းအများဆုံး တတိယဆုရရှိသည့် ထားဝယ်မြို့နယ်၊ ကျောက်မော်ကျေးရွာမှ အကျိုးဆောင်တောင်သူ ဒေါ်သန်းနွယ် အား လည်းကောင်း၊ ဆောင်းသီးနှံ(မတ်ပဲ)တိုးချဲ့ စိုက်ပျိုးမှုအကောင်းဆုံး တတိယဆုရရှိသည့် မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(ကိုယ်စား) ခရိုင်မျိုးစေ့တာဝန်ခံ ဦးမျိုးမျိုးနောင်ဦး အား လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) အသိအမှတ်ပြု လက်မှတ် တတိယဆုရရှိသည့် မြိတ်ခရိုင်မှ ပုလောမြို့နယ်အကျိုးဆောင်တောင်သူတစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများတို့က ခင်းကျင်းပြသထားသည့် ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသောဒေသထွက်ကုန်များ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ၊ သစ်သီးဝလံများ၊ ဒေသထွက်သစ်သားလက်မှုပစ္စည်းများ၊ တန်းဖိုးမြှင့်ရေရှည် စားသောက်ကုန်ပစ္စည်များ၊ စိုက်ပျိုးရေးမွေးမြူရေး၊ မျိုးစေ့၊ သွင်အားစုနှင့်ဒေသထွက်ကုန်အရောင်းပြခန်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများအတွက် တန်ဖိုးသင့်ကောက်စိုက်စက်များစသည့် ပြခန်း(၁၈)ခန်းအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)