တနင်္သာရီတိုင်းဒေသကြီး

ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (Grade- 5)နှင့် (Grade- 9)နှစ်ဆုံး စာမေးပွဲ မြန်မာစာဘာသာရပ်ကို  ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။

တနင်္သာရီမြို့နယ်၌ Grade-5+Grade-9 ကျောင်းသူ၊ ကျောင်းသားများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့ မြန်မာစာဘာသာ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5+Grade-9  ကျောင်းသူ၊ ကျောင်းသားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ၉ နာရီအချိန်က သက်ဆိုင်ရာအခြေခံပညာကျောင်းစာစစ်ဌာနများ၌ ပထမနေ့မြန်မာစာဘာသာကို အေးချမ်းစွာလာရောက် ဖြေဆိုခဲ့ကြသည်။

ပလောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9)နှင့်(Grade-5) နှစ်ဆုံး တိုင်း/ခရိုင်စာမေးပွဲ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9) နှင့် (Grade-5) နှစ်ဆုံး တိုင်း/ ခရိုင် စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

တနင်္သာရီဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်)နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်က ကျောင်းသား၊ ကျောင်းသူများ  မြန်မာစာဘာသာ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နွေရာသီအားကစား သင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပ သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်

ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင် တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကွန်ပျူတာအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ Grade -5 နှင့် Grade -9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စာစစ်ဌာန (၄) ခုတွင် ကျောင်းသား/ သူ ၇၅၁ ဦးဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြန်မာစာဘာသာ ရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြို‌ကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ကရသူရိမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9)နှင့်(Grade-5) နှစ်ဆုံး တိုင်း/ ခရိုင်စာမေးပွဲ စတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9) နှင့် (Grade-5) နှစ်ဆုံး တိုင်း/ ခရိုင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား/ သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး