ထားဝယ် မတ် ၁၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သတ်မှတ်စာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ ကျောင်းသားမိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးသားချင်းများက ကျောင်းအဝင်ဝတွင် လာရောက်ကြိုဆိုလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဖြေဆိုသူ ကျောင်းသား(၁၈၁)ဦး၊ ကျောင်းသူ (၃၃၂)ဦး စုစုပေါင်း (၅၁၃)ဦး၊ ဖြေဆိုမှု (၉၅.၈၉)ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အဆိုပါစာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)