ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၊ ကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဘုတ်ပြင်း မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေနိုင်ရေး စာစစ်ဌာနများကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက အ.ထ.က-ဘုတ်ပြင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး စာသင်ခန်းအတွင်းအပြင် ဆောင်ရွက်ထားရှိမှုများ၊ အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ စာစစ်ဌာန အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများ အားပူးပေါင်းအဖွဲ့များနှင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းတွင်းဖြေဆိုသူ (၁၈၀) ဦး၊ ပြင်ပဖြေဆိုသူ (၃၆) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁၆) ဦး ဝင်ရောက်ဖြေဆိုမည် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)