ကော့သောင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် (၁၇) ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် မြန်မာစာဘာသာရပ်ကို အ.ထ.က(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂) စာစစ်ဌာန၊ ခမောက်ကြီးစာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ ( Grade-12) ကျောင်းသား၊သူ (၃၅၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရာ၌ အ.ထ.က-၁ စာစစ်ဌာနတွင် အ.ထ.က-၁ကျောင်းမှ ကျောင်းသား/သူ (၂၁၀)ဦး၊ အ.ထ.က-၃ကျောင်းမှ ကျောင်းသား/သူ (၁၁)ဦး အ.ထ.က(ခွဲ) အ.လ.က(၁)ကျောင်းမှ ကျောင်းသား/သူ(၂၈)ဦး၊ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းသား/သူ (၄၂)ဦး အ.ထ.က(ခွဲ) အ.လ.က(၄)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၇)ဦး၊ ကျောင်းတွင် ဖြေဆိုသူ(၁၈၁)ဦးနှင့် အလွတ်ဖြေ ဖြေဆိုသူ(၂၉)ဦး စုစုပေါင်း ဖြေဆိုသူ(၂၁၀)ဦး ရှိသည်။
အ.ထ.က(၂) စာစစ်ဌာနတွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/သူ (၄၃)ဦး၊ အ.ထ.က ဆယ်မိုင်ကျောင်းမှ ကျောင်းသား/သူ(၁၄)ဦး၊ အ.ထ.ကဇာဒက်ကြီးကျောင်းမှ ကျောင်းသား/သူ (၇)ဦး၊ အ.ထ.က(ခွဲ) ပုလုံးတုံတုံးမှ ကျောင်းသား/သူ(၄)ဦး၊ အ.ထ.က (ခွဲ) စိုင်ဒင်းကျောင်းမှ ကျောင်းသား/သူ(၇)ဦး၊ ကျောင်းတွင်းဖြေ ဖြေဆိုသူ(၇၅)ဦးနှင့် အလွတ်ဖြေ ဖြေဆိုသူ (၁၃)ဦး စုစုပေါင်း ဖြေဆိုသူ(၈၈)ဦးရှိသည်။
အ.ထ.က-ခမောက်ကြီး စာစစ်ဌာနတွင် အ.ထ.က-ခမောက်ကြီးကျောင်းမှ ကျောင်းသား/သူ (၃၅)ဦး၊ အ.ထ.က မလိဝမ်းကျောင်းမှ ကျောင်းသား/သူ(၁၂)ဦး ကျောင်းတွင်းဖြေဖြေဆိုသူ (၄၇)ဦးနှင့် အလွတ်ဖြေ (၇)ဦး စုစုပေါင်းဖြေဆိုသူ (၅၄)ဦး ဖြေဆိုခဲ့ကြောင်းနှင့် ယနေ့ မြန်မာစာ ဖြေဆိုသည့်နေ့တွင် ကော့သောင်းမြို့နယ်အနေဖြင့် ၉၂ ဒသမ ၃၈ ရာခိုင်နှုန်း ဖြေဆိုပြီး ၇.၆၁ ရာခိုင်နှုန်း ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)