ပုလောမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade -12) စာမေးပွဲ စတင်ဖြေဆို

ပုလော မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလော အခြေခံပညာ (အ.ထ.က-၁) ကျောင်းစာစစ်ဌာန၌ ၂၀၂၅ ပညာသင်နှစ် (Grade -12) အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများက ယနေ့ နံနက် ၉ နာရီမှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း  ၂၀၂၅ ပညာသင်နှစ်အတွက် အ.ထ.က-၁ ပုလောစာစစ်ဌာနတွင် စာရင်းရှိ ကျား ၇၉ ဦး၊  မ  ၁၄၂ ဦး ၊ စုစုပေါင်း ၂၂၁  ဦးတွင် ဝင်ရောက်ဖြေဆိုသူ ကျား ၇၅ ဦး၊ မ ၁၃၈ ဦး၊ စုစုပေါင်း ၂၁၃  ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade -12 ) စာမေးပွဲ၌ ဖြေဆိုရာခိုင်နှုန်း ၉၆.၃၈ % ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၁) စစ်နယ်မြေမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ဆရာမများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အတွင်းစည်း/အပြင်စည်းများဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊

အေးအေးမော် (ပုလော)