၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများတွင် စတင်ဖြေဆို

ဘုတ်ပြင်း မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများများ မြန်မာစာဘာသာကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း စာစစ်ဌာန (၁) ခုထားရှိရာ အ.ထ.က ဘုတ်ပြင်း စာစစ်ဌာနတွင် စာရင်းရှိ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း ၂၁၆ ဦးရှိရာ ယနေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၅ ဦး ဖြေဆိုပြီး ပျက်ကွက် (၁၁) ဦး  ဖြေဆိုရာခိုင်နှုန်း (၉၄ ဒသမ ၉၁ ရာခိုင်နှုန်း) ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)