ကျွန်းစု မတ် ၁၇
၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၁.၄၃) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား ၁၄၆ ဦး၊ ကျောင်းသူ ၃၄၄ ဦး စုစုပေါင်း ၄၉၀ ဦး ရှိရာ မြန်မာစာဘာသာတွင် ကျောင်းသား ၁၂၇ ဦး၊ ကျောင်းသူ ၃၂၁ ဦး၊ စုစုပေါင်း ၄၄၈ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၁.၄၃% ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၂၃ ဦး၊ စုစုပေါင်း ၄၂ ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း ၈.၅၇% ရှိသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)