သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

သရက်ချောင်း မတ် ၁၇

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (အ-ထ-က) သရက်ချောင်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် မြို့နယ်အတွင်းမှ ကျောင်းသား/ သူ ၆၄ ဦးတို့က ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (အ-ထ-က) သရက်ချောင်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် စာရင်းရှိကျောင်း သား ၂၅ ဦး၊ ကျောင်းသူ ၄၃ ဦး၊ စုစုပေါင်း ၆၈ ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၂ ဦး၊ ကျောင်းသူ ၄၂ ဦး၊ စုစုပေါင်း ၆၄ ဦး၊ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၁ ဦး စုစု‌ပေါင်း ၄ ဦး ပျက်ကွက်ခဲ့ကြောင်း သိရပြီး အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို အေးချမ်းအဆင်‌ပြေစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် စာစစ်ဌာနကြီးကြပ်‌ရေးမှူးတို့က စာစစ်ဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စာစစ်အခန်းများသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ရာ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ပညာ ရေးမှူးနှင့် ဆရာ/ ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ သူများ မိဘများကလည်း စာမေးပွဲဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည်အထိ လာရောက်စောင့်ကြိုကြပြီး ပံ့ပိုးကူညီ‌ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)