မကွေးတိုင်းဒေသကြီး

တရားမျှတမှုနှင့် အခွင့်အရေးရရှိရေး အမျိုးသမီးအားလုံးအတွက် ဆောင်ရွက်ပေး

ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူ အခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ခဲ့ကြရသည်။

မင်းဘူး-မကွေးသဲသောင်ပြင်ကျွန်းထဲတွင် အပန်းဖြေသူ၊ ညနေဆည်းဆာအလှအပ ခံစားသူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-မကွေး သဲသောင်ပြင် ကျွန်းထဲ၌ ညနေပိုင်းများ၌ ကမ်းစပ်တွင် အနားယူအပန်းဖြေသူ၊ ညနေဆည်းဆာအလှအပခံစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒဆရာတော်ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းအသစ်ဆောက်လုပ်ပြီးစီးသေ ဗုဒ္ဓဇယန္တီဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓဇယန္တီဗိမာန်တော်ရှေ့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်ဘုရားဖူးလာပြည်သူများ တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်စွာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစား၊ ယဥ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ လက်တွေ့ဘဝတွင် အကျိုးရှိစွာ အသုံးချတက်စေမည့် စသည့် ရည်ရွယ်ချက်​များဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရန်ပယ်အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ သင်ကြားလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စားတော်ပဲ ၇၁၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စားတော်ပဲ ၇၁၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လယ်ယာလုပ်ငန်းခွင် ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ (၁၅)ရက်နေ့ကစတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံလျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို မြေဆီမြေဩဇာထည့်သွင်းခြင်းနှင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာပညာဒါနသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

စလင်းမြို့နယ်တွင်​ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်​ကြားပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဖွင့်လှစ်ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကိ စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး