တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး မတ် ၆

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်စွာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစား၊ ယဥ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ လက်တွေ့ဘဝတွင် အကျိုးရှိစွာ အသုံးချတက်စေမည့် စသည့် ရည်ရွယ်ချက်​များဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရန်ပယ်အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက နွေရာသီသင်တန်းများနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီထွေးက နွေရာသီသင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီထွေးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအောင်ဖြိုးကိုနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါ နွေရာသီသင်တန်းများကို မတ် ၂၀ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)