မကွေးတိုင်းဒေသကြီး

အောင်လံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အသင့်စုဖွဲ့ထားရှိမှုနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း (၂၂) မျိုးနှင့် ဖိုက်ဘာစက်လှေ (၁) စီးဖြင့် အသင့်စုဖွဲ့ထားရှိမှုကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း(MDA)မှ တာဝန်ယူဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့ (၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ကုသဆောင်အသစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်စေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုံသာဘုန်းတော်ကြီးကျောင်း မြေကွက်လပ်၌ မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး (PFIZER JN 1) ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER JN1) ထိုးနှံပေးခြင်းကို ဇွန်လ (၂၃) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

ဂန့်ဂေါမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ၏တန်ဖိုးကို အများပြည်သူများအလေးထားသိရှိနားလည်ကာထိန်းသိမ်းစေရန်၊ ရာသီဥတုကောင်းမွန်မျှတကာ  အပူဒဏ်ကာကွယ်နိုင်ရေးနှင့်    ဂေဟစနစ်တည်ငြိမ်လာစေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်လမ်းဦးစီးဌာနရုံးရှေ့နှင့် ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမဝန်းအတွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိုးရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသော နွေနှမ်းစိုက်ခင်းများအား ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့သော်လည်း မေလနှင့် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် စိုက်ဧက နှစ်သောင်းကျော်ခန့် ထိခိုက်ပျက်စီးခဲ့ရာ ယခုအခါ ဒေသခံတောင်သူများက အဆိုပါ ထိခိုက်ပျက်စီးသော နွေနှမ်းစိုက်ခင်းများကို ပြန်လည်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ဆေးများ ဆက်လက်ထိုးနှံ

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်း ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများအား  ကိုဗစ်ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး  ရောဂါဖြစ်ပွားမှုကင်းစင်စေရန်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စဥ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ဇွန်လ(၂၅)ရက် နံနက်(၈)နာရီအချိန်တွင် စလင်းမြို့၊ စျေးမရပ်ကွက်အတွင်းရှိ     ကျန်းမာရေးဦးစီးဌာန(၃)ထပ်ဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး