ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များအား မကွေးတိုင်းဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များအား ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မကွေးတိုင်းဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များ၌ ရောင်းချသော ဆေးဝါးနှင့်စားသောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် (FDA)မှ တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်များအား ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။