စလင်းမြို့နယ်တွင် တင်းတောင်းနှင့် တောင်းအမျိုးမျိုး ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စလင်း ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ကျေးလက်ဒေသနှင့် ရပ်ကွက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် အသက်မွေးဝမ်းကျောင်းတစ်ရပ်အနေဖြင့် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ ဒေသနေပြည်သူများ အပိုဝင်ငွေရရှိစေပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်တို့တွင် အသုံးပြုရသော ဝါးဖြင့်ပြုလုပ်သည့် တောင်းအမျိုးမျိုးပြုလုပ်၍ မိသားစုအိုးမကွာအိမ်မကွာ တစ်ပိုင်တစ်နိုင် ရက်လုပ်ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းကို တောင်းရက်လုပ်ရောင်းချသူ မိသားစုများထံမှ သိရသည်။

ဝါးဖြင့်ပြုလုပ်သော တောင်းများရက်လုပ်ဖို့ရာ ရှေးဦးစွာ ဝါးများအား စေတုတ္တရာမြို့နယ်မှ စလင်းမြို့ရှိ ဝါးရောင်းချသူများထံသို့ ပို့ဆောင်စေကာ ဝါးတစ်လုံးလျှင် ကာလပေါက်စျေး (၉၀၀)ကျပ်ဖြင့် ပေးဝယ်ရကာ ဝါးအလုံးအရေအတွက်အပေါ်မူတည်၍ သုံးဘီးဆိုင်ကယ်များဖြင့် တစ်ဖန်အိမ်အရောက် အမျိုးမျိုးသယ်ယူကြရပြီ ဝါးများကို ခွဲခြမ်းစိတ်ဖြာ၍  သေချာစွာစနစ်တကျ လိုသလိုနှီးဖြာကြရသည် တောင်းအမျိုးအစား အရွယ်အစားပေါ် မူတည်၍ နှီးကိုဖြတ်စေ၍ တောင်းများကို ပြုလုပ်ရကြောင်း တောင်ရက်လုပ်သူများအနေဖြင့် မှာယူအသုံးပြုကြသည့် အရွယ်အစားအမျိုးမျိုးအလိုက် ရက်လုပ်ကြရပြီး ကြိမ်ကွပ်တင်းတောင်းတစ်လုံးလျှင် အနည်းဆုံး (၃)ရက် ပြုလုပ်ကြရသည်။ ဝါးတင်းတောင်းနှင့် ကြိမ်ကွပ်တင်းတောင်း(၂)မျိုးကို ရက်လုပ်ရောင်းချရာ ဝယ်ယူသုံးစွဲမှာယူသည့် တောင်းအရွယ်အစားအလိုက် (၂)ပြည်ဝင်တောင်းတစ်လုံး ၂၅၀၀ ကျပ်၊ (၄)ပြည်ဝင်တောင်းတစ်လုံးကို ၄၀၀၀ကျပ်၊ (၆)ပြည်ဝင်တောင်းတစ်လုံးကို ၅၀၀၀ကျပ်၊ (၁၀)ပြည်ဝင်တောင်းအကြမ်းတစ်လုံး ၅၀၀၀ ကျပ်၊ (၁၀)ပြည်ဝင်တင်းတောင်း အချောတစ်လုံး ၆၀၀၀ ကျပ်၊ တင်းတောင်းအချောတစ်လုံးရိုးရိုးကို ၇၀၀၀ ကျပ်၊ အကြမ်း ၅၀၀၀ ကျပ်၊ ကြောင်လိမ်တင်းတောင်းအချောကြိမ်ကွပ် တစ်တောင်းလျှင် ၅၅၀၀၀ ကျပ်၊ တင်းတောင်းကပ်ကြားကြိမ်ကွပ် တင်းတောင်းတစ်တောင်းလျှင် ၄၅၀၀၀ ကျပ်၊ ရောင်းချရသည်     တောင်းကွပ်ဖို့ကြိမ်များကို မန္တလေးမြို့မှ မော်တော်ယာဥ်ဖြင့် မှာယူကြရကြောင်း စလင်းမြို့ပေါ်နှင့် အိမ်နီးချင်းထိစပ်လျက်ရှိသည့် မြိုရွာများသို့ တင်ပို့ရောင်းချရကာ ယခုနတ်တော်လ သေခဲလှအညာဘုရားပွဲသို့ စလင်းမြို့နယ်မှ အိမ်တွင်းလက်မှုစီးပွားဖြစ် ထွက်ကုန်ပစ္စည်းဖြစ်သည့် တောင်းများမှာ ရောင်းအားကောင်းလျက်ရှိကြောင်းကို စလင်းမြို့ စာစီကျောင်းရပ်ကွက် တောင်းရက်လုပ်ငန်းလုပ်ကိုင်သူ ကိုထိန်လင်းထံမှ မိသားစုတစ်နိုင်တစ်ပိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)