ကံမမြို့တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

ကံမ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို  စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နေ့လည်(၂)နာရီက ပြည်သူများအား ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားအုန်းဆီများရောင်းချရာတွင် စားအုန်းဆီ ပိဿာ(၂၂၀၀)အား  မြို့ပေါ်ရပ်ကွက်များမှ   ဒေသခံပြည်သူများကို (၁)ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ကာလပေါက်ဈေးထက် ဈေးသက်သာစွာရောင်းချပေးခဲ့ပြီး ရောင်းချရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)