စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club ၊ Youth Club ၊ Women Clubအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

စလင်း  ဒီဇင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club Youth Club နှင့် Women Club တို့ ပူးပေါင်း၍  ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီ ၄၅ အချိန်က ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ဦးဆောင်၍ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း  စာအုပ်မှ  ရှားလော့ဟုမ်းလည်းမှားတာဘဲ စာအုပ်ပါ အကြောင်းအရာများပါ စာပိုဒ်များကို ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး ယခုလို စာဖတ် ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုဦးစီးမှူး ဒေါ်ဥမ္မာကျော်က မှားမှာကိုမကြောက်ပါနဲ့ခေါင်းစဥ်ပါ စာပိုဒ်မှ မှားမှာကိုမကြောက်ပါနဲ့ အမှားကို မလုပ်မိရင် ဘယ်တော့မှ တတ်မြောက်မှာမဟုတ်ဘူး-(ဗစ်ခရမ်ခန်နာ)၏ မှားမှာကြောက်ပြီး မလုပ်သူတွေအများကြီးပါဘဲ၊ တချိန်က မြန်မာဝန်ထမ်းလောကမှာတောင် မလိုလားအပ်တဲ့ စကားတစ်ခု တွင်ခဲ့သေးတယ်၊ (မလုပ်၊ မရှုပ်၊ မပြုတ်)တဲ့ လူငယ်တွေ အလုပ်ထဲဝင်ရောက်တဲ့အခါ အလုပ်ကို ကြိုးစားသင်ယူတတ်ကြတယ်  ဒီလိုသင်ယူဖို့ အလုပ်များများ လုပ်ကြရကြောင်း ဒါပေမဲ့ မူလရှိနေသူ လူအများက သူတို့ကိုနှိမ်ကြတယ် အလုပ်ဝင်ကာစလူသစ်တွေကို (New broom Sweeps better) လို့ နှိမ်ကြကြောင်း မင်တို့တစ်တွေဟာ တံမြက်စည်းအသစ်တွေလေ လှဲလို့ကောင်းကောင်းနဲ့ အလှဲခံရတာပေါ့လို့ ပြောကြတယ် ဒီအခါ တက်ကြွစွာ အလုပ်လုပ်ကြတဲ့ အလုပ်ဝင်သူ လူငယ်တွေ စိတ်ပျက်သွားကြတယ် အလုပ်လုပ်လည်း ဒီလခ၊မလုပ်လည်း ဒီလခပဲဆိုပြီး အလုပ်ကို ခိုကပ်တတ်ကြတယ် သူတို့ရှေ့က လူဟောင်းဝန်ထမ်းကြီးတွေရဲ့ မလုပ်၊ မရှုပ်၊ မပြုတ် လမ်းစဥ်ကို လိုက်ကြတော့တယ်၊ ဒါဟာ နိုင်ငံတော်ကိုသာမက မိမိကိုယ်လည်း မိမိဖျက်ဆီးတာပဲဖြစ်တယ် တကယ်တော့ ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဌာနဖြစ်စေ ဌာနတစ်ခုခုမှာ အလုပ်ဝင်တဲ့အခါ  အဲဒီဌာနဟာမိမိရဲ့ မိသားစု (family)ပဲဆိုတာကို မမေ့ပါနဲ့ မိသားစုစိတ်ဓာတ် ထားရတယ် စသည်ဖြင့် ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးခဲ့သည် ။

အဆိုပါ စာဖတ်ဝိုင်းများကို  မျိုးဆက်သစ်လူငယ်များ  စာဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန် ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်  အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club Woman Club နှင့် Youth Club အသင်းများဖြင့် လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မောင်လွင်)စလင်း