မြိုင်မြို့တွင် အများပြည်သူသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားလေလွင့်မှုမရှိစေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်

မြိုင် ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အများပြည်သူသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားလေလွင့်မှုမရှိစေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အများပြည်သူသွားလာရာတွင် အန္တရာယ်မဖြစ်စေရေး၊ လျှပ်စစ်ဓာတ်အားလေလွင့်မှုမရှိစေရေး၊ မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် မြိုင်-ကိုင်းတောမလမ်း၊ နဝဒေးလမ်းဆုံနှင့် နံ့သာမြိုင်ပန်းခြံအနီး မြိုင်-ပခုက္ကူလမ်းတို့တွင် သေဆုံးချောက်သွေ့နေသောသစ်ပင်များနှင့် လမ်းမပေါ်သို့ နိမ်ကျနေသည့်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မယ်ခွေ