မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက်ကျေးရွာမှ ရန်ကုန်-မန္တလေးဆက်သွယ်သောလမ်းအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက် ကျေးရွာမှ ရန်ကုန်-မန္တလေးဆက်သွယ်သောလမ်းအား ကြည့်ရှုစစ်ဆေးကာ ချောင်းကောက်ကျေးရွာ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေးကို အခြေခံ၍ လယ်ယာထုတ်ကုန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို ဦးစားပေးပြီး နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးမြို့၌ လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ပြီး လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကြီး အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ စုပေါင်းဈေးရောင်းပွဲတော် ပဉ္စမနေ့အဖြစ် ယမန်နေ့ညပိုင်းက အနယ်နယ်အရပ်မှ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ရေနံချောင်းတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ တက်ရောက်အားပေး

မကွေးတိုင်းဒေသကြီး ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ကြည့်ရှုအားပေးသည်။

ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူမှုရေးတာဝန်သိမှု(CSR)အစီအစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို “ဒို့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပလတ်စတစ်ကို လျှော့သုံးစို့” ခေါင်းစဥ်ဖြင့် ကျင်းပ             ​

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎ရေနံနှင့်သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol JOC Inc တို့၏ လူမှုရေးတာဝန်သိမှု (Corporate Social Responsibility -CSR) အစီအစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “ဒို့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပလတ်စတစ်ကို လျှော့သုံးစို့”ခေါင်းစဥ်ဖြင့် ယ​နေ့နံနက် ၉ နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေလုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဇီးတောကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ (၄၅)ဦး၏ အခြားသီးနှံစိုက်ဧက (၂၂၇) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၂၂၇ )သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘက်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားများ၊  ဖိတ်ကြားထားသူများ တက်ရောက်သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကုလားပဲသီးနှံဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်၊ လဲလူကျေးရွာတွင် စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်းနှင့် မိုးစပါးစံပြကွက်စိုက်ခင်း ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ လဲလူ ကျေးရွာအနီး "ဘိုမြင့်သူကုမ္ပဏီနှင့် ဒေသခံတောင်သူအကျိုးတူ ဖရဲစိုက်ခင်းနှင့် မြို့သစ်မြို့နယ် မင်းရပ်ကွက်(ယင်းနားကုန်းကျေးရွာ) ကွင်းအမှတ်(၂၆၀၈-ခ)၊ ဦးပိုင်အမှတ် -၉၃ / ၁၊ ဧရာမင်းစပါးမျိုး (RS-CS)မျိုးစေ့ထုတ်စံပြကွက်သို့ ရောက်ရှိကာ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး