မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်းခင်းခြင်းနှင့် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်း‌ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီခင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကံမမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နေ့လည်(၂)နာရီက ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် စားအုန်းဆီပိဿာ (၂၂၀၀)အား ဒေသခံပြည်သူများကို (၁)ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီး ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူး ပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ ဘုရားပွဲတော်ရက်မတိုင်မီ အချိန်မီပြုပြင်ဆောင်ရွက်ပြီးစီးနိုင်ရန်နှင့် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မင်းဘူးမြို့၊ ရှင်ပင်စက္ကိန်းတဲဘုရားကြီးရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်ငှားရမ်းစနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်တိုးပွားလာစေရန် ကွင်းဆင်း၍ သုတ၊ ရသစာအုပ်စာစောင်များ ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများမှ စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များ အကျိုးရှိစွာ အသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီ ၃၀မိနစ်အချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းငှားရမ်းဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ သတ္တဌာန ဘုရားကြီး (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲလုပ်ငန်း တာဝန်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး (၁၃၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ လုပ်ငန်းတာဝန်ပေးအပ်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက သတ္တဌာနဘုရားကြီး ဓမ္မဗိမာန်တော်၌ ကျင်းပခဲ့သည်။

စလင်းမြို့နယ် စည်ပင်သာယာစျေးအတွင်း  အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပန်းခြံအတွင်း သာယာလှပစေရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့  စည်ပင်သာယာစျေးအတွင်း အသားငါးများအား  စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိသိရှိနိုင်ရန်နှင့် စလင်းစည်ပင်သာယာပန်းခြံအတွင်း   သာယာလှပစေရန် ဆောင်ရွက်ထားရှိမှု၊ စည်ပင်သာယာရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် မြို့မစည်ပင်သာယာစျေးအတွင်း အသားငါးရောင်းချသည့် စျေးဆိုင်များအား ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စလင်းမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် မြို့ပေါ် (၈)ရပ်ကွက်နေ ပြည်သူများထံသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ် (၈)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ် လဝက ဦးစီးမှူးရုံး ဝန်ထမ်းများမှ အုပ်စုများခွဲ၍  ဇန်နဝါရီလ(၈)ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲသီးနှံအား သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် မတ်ပဲသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

မြို့သစ်မြို့နယ်တွင် စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး