စလင်းမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်ငှားရမ်းစနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်တိုးပွားလာစေရန် ကွင်းဆင်း၍ သုတ၊ ရသစာအုပ်စာစောင်များ ငှားရမ်းပေး

စလင်း ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများမှ စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များ အကျိုးရှိစွာ အသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီ ၃၀မိနစ်အချိန်က ဌာနဆိုင်ရာရုံးများသို့   ကွင်းဆင်းငှားရမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ၊ မဂ္ဂဇင်းစုစုပေါင်း(၁၃၀)ကို သယ်ဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ စာဖတ်ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် မော်တော်ဆိုင်ကယ်ဖြင့် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များနှင့် သုတ၊ ရသမဂ္ဂဇင်းစာအုပ်နှင့် ပုံပြင်စာအုပ်များအပါအဝင် ဗဟုသုတရရှိစေမည့် စာအုပ်ကောင်းများကို သယ်ယူ၍ စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)