မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်တွင် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရေးသားပြုစုထားသည် လူငယ်ပညာရပ်ဆိုင်ရာ စာစုဖြစ်သည် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့  စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ(တင်ဒါ၊ ဈေးပြိုင်)လေလံရောင်းချခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (တင်ဒါ၊ ဈေးပြိုင်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အဆိုပါ ကျေးရွာကွန်ကရစ်လမ်းအနီး ယာယီမဏ္ဍပ်တွင် ကျင်းပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဃောသိတာရုံဘုရားအဝင် မြေသားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ သာသနာ့သမိုင်းဝင် ဃောသိတာရုံဘုရားကြီးအဝင် မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုမှ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စု ကံရွာနှင့် ငရံ့ချောင်းကျေးရွာများသို့ သွားရောက်၍ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဗိုလ်ဗျိုင်းကြီးကျောင်းမိသားစု ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဗိုလ်ဗျိုင်းကြီးကျောင်းမိသားစု၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး