စေတုတ္တရာ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်းဘုတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးအရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်က မြို့နယ်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်းဘုတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်ကနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကျော့မေခိုင်တို့ကလည်း ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝနရှိသူများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများနှင့် ကျောင်းသာ/ကျောင်းသူများ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)