နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ

နတ်မောက် မေ ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၃ နာရီ အချိန်က စျေးရပ်ကွက်ရှိ ပညာနန်းတော်ဘော်ဒါကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်လက်ထောက်-စာကြည့်တိုက်လက်ထောက်၃)က ကျောင်းသား/သူ များနှင့်လူငယ်လူရွယ်များ အားလပ်သည့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသခြင်းနှင့်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း