တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ၂၀၂၆ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ဘက်စုံသုံးစိုက်ခင်း ကွက်လပ်ဖြည့် စိုက်ပျိုး

တောင်တွင်းကြီး မေ ၂၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ၂၀၂၆ခုနှစ် မိုးရာသီတွင်တည်ထောင်စိုက်ပျိုးခဲ့သည့် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးဘက်စုံသုံးစိုက်ခင်းကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို မေလ၂၃ ရက်နေ့က ကျောက်မိချောင်းကြိုးဝိုင်း၊ ညောင်မှော်ကျေးရွာနှင့် ကင်မွန်းတောင် ကြိုးဝိုင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းကို ဦးဆောင်မှုဖြင့် ‌ကျောက်မိချောင်းကြိုး ဝိုင်းအကွက်အမှတ်(၇၈)တွင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၅၀)ဧကအတွင်း မေလ ၂၃ ရက်တွင် (၂၀)ဧကစိုက်ပျိုးခဲ့ရာ တမာ(၁၆၀၀)ပင်၊ ‌ဖျောက်ဆိပ်(၁၂၀၀)ပင်နှင့် ကုက္ကို(၁၂၀၀)ပင်တို့ အားစိုက်ပျိုးခြင်း၊ ညောင်မှော်ကျေးရွာတွင် ယူကလစ်(၅၀၀)ပင်၊ ကျွန်း(၁၀၀)ပင်နှင့် ကင်မွန်တောင်ကြိုးဝိုင်း အကွက်အမှတ်(၂၄)အတွင်းရှိ ၁/၂၀၂၆ စီးပွားရေး(ကျွန်း)စိုက်ခင်း(၁၂၀)ဧကတွင် မြေအစိုဓာတ်ရရှိသဖြင့် သစ်ပင်စိုက်ပျိုးခြင်း(၅)ဧကကိုလည်းကောင်း၊ အကွက်အမှတ်(၄၂/၄၃)အတွင်းရှိ ၂/၂၀၂၆ ရေဝေရေလဲ စိုက်ခင်း(၅၀)ဧကတွင် သစ်ပင်စိုက်ပျိုးခြင်း(၆)ဧကကိုလည်းကောင်း အသီးသီးစိုက်ပျိုးပြီး မိုးရွာသွန်းပါက ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုး (ဗိဿနိုးမြေ)