နတ်မောက်မြို့နယ် မြို့မစျေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်

နတ်မောက် မေ ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ နတ်မောက်မြို့နယ် မြို့မစျေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစျေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကော်မတီဝင်တို့ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်များ အသုံးပြုနိုင်ရန် လိုက်လံဝေငှခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း