နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲမှုလျှော့ချနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများကို စိစစ်ရွေးချယ်ပြီး မြစိမ်းရောင်စီမံကိန်းကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အင်းကုန်းကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ ငွေစာရင်းများ စနစ်တကျရေးသွင်းထားမှုရှိ/မရှိ၊ စီမံကိန်းချေးငွေဖြင့် မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အမှန်တကယ်အောင်မြင်အကျိုးဖြစ်ထွန်းမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းချေးငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့သည်။
မူမူစန်း