မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန် စျေးကောင်းရရန် တောင်သူများမျှော်လင့်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သည် မြေခံ၊ရေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်၌ စျေးကောင်းရရှိရန်တောင်သူအများ မျှော်လင့်နေကြကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

နတ်မောက်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေကြကြောင်း သိရသည်။ နတ်မောက်မြို့နှင့် (၂) မိုင်ဝေးကွာသည့် န/လက်ခုပ်ပင်ကျေးရွာတွင် ကိုဝေယံစိုးမှ စပျစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် စပျစ်များရင့်မှည့်၍ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

နတ်မောက်မြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များအား ပြင်ဆင်မွမ်းမံခြင်း လျာထားစာရင်းကောက်ယူ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ နေအိမ်များအား သဘာဝဘေးဒဏ် အန္တရာယ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန် ပြင်ဆင်မွမ်းမံခြင်းလျာထား စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည်။

မြို့သစ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ အစည်းအဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ယခုနှစ် ဆောင်သီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် ဆောင်းသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း၌ ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ ပြာသိုလပြည့် အမေများနေ့တွင် ရွှေရောင်မျိုးဆက်သစ်ပရဟိတအဖွဲ့နှင့် အလှူရှင်များက မြို့ပေါ်ရှိ အသက်ကြီးအမေ (၁၀)ဦးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြာသိုလပြည့် အမေများနေ့ ရွှေရောင်မျိုးဆက်သစ် ပရဟိတအဖွဲ့နှင့် အလှူရှင်များက ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရှိ အသက်ကြီးအမေ (၁၀)ဦးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် သံပုရာကန်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ်(၁)နာရီခွဲက သံပုရာကန်ကျေးရွာ ဓမ္မာရုံတွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး