ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်

ရေနံချောင်း ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာများ ထုတ်ပေးသည့်ရက်များမှ လစဉ် (၂၂၊၂၃၊၂၄) ရက်များတွင်လည်း ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်