ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြာသိုလပြည့် အမေများနေ့ ရွှေရောင်မျိုးဆက်သစ် ပရဟိတအဖွဲ့နှင့် အလှူရှင်များက ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရှိ အသက်ကြီးအမေ (၁၀)ဦးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ရွှေရောင်မျိုးဆက်သစ် ပရဟိတအဖွဲ့များက မြို့ပေါ်ရှိ အသက်ကြီးအမေ (၁၀)ဦးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများဖြစ်သော ရွှေပေါ်ဆန်း(၂) ပြည်၊ ဆီ (၁) ပိဿာ (၅၀) ကျပ်သား၊ အိုဗာတင်း (၁) ဘူး၊ ဆား (၁) ထုပ်၊ ဆင်တုန်းမနွယ် (၁)ဘူး၊ မုန့် (၁)ထုပ်တို့ဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့ ရွှေရောင်မျိုးဆက်သစ်ပရဟိတအဖွဲ့အနေဖြင့် စေတနာရှင် အလှူရှင်များ၏ ကုသိုလ်ဒါနပြု အလှူဒါန်းငွေများ၊ အဖွဲ့ဝင်များမှ စုဆောင်းထားသည့် ငွေများနှင့် ပစ္စည်းများအား ပြာသိုလပြည့် အမေများနေ့တွင် အသက်ကြီးအမေများကို နှစ်စဥ် ကန်တော့လျက်ရှိကြောင်း ရွှေရောင်မျိုးဆက်သစ် ပရဟိတအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)