နတ်မောက်မြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များအား ပြင်ဆင်မွမ်းမံခြင်း လျာထားစာရင်းကောက်ယူ

နတ်မောက် ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ  နေအိမ်များအား သဘာဝဘေးဒဏ် အန္တရာယ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန် ပြင်ဆင်မွမ်းမံခြင်းလျာထား စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စာရင်းကောက်ယူရာသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဦးစီးအရာရှိ၊ မြို့နယ်မီးသတ် ဦးစီးဌာနရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ နွေဦးကာလနှင့် မိုးကြိုကာလ ရာသီပြောင်းချိန်တွင် မုန်တိုင်းဘေး၊ လေပြင်းဘေးကျရောက်လေ့ရှိသဖြင့် ဆင်းရဲနွမ်းပါးသည့် အိမ်များ၊ အိုမင်းမစွမ်း  အိမ်ထောင်စုများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ကျေးရွာအတွင်း လူနေအိမ် (၁၀၀) လုံးအား လိုက်လံကြည့်ရှုကာ စာရင်းများကောက်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း