(၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ရှိ ၃၃/၁၁‌ ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး

အထက်မင်းလှ ဇန်နဝါရီ ၂၆

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦး‌အေးကျော်နှင့် တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့နယ် လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၃၃/၁၁ကေ ဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်‌ပေးခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေခဲ့သည့် အကအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက Circuit Breakerအား နှိပ်၍ စတင်မီးလွှတ်ပေးခဲ့သည်။

ယင်းနောက် အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယနေ့၃၃/၁၁ကေဗွီ () အမ်ဗွီ‌အေစစ္စနို့ဓာတ်အားခွဲရုံ ဖွင့်လှစ်ပေးနိုင်သည့်အတွက် ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူပြုမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ ၃၃/ ၁၁ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံလုပ်ငန်း‌ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့‌နောက်  ဝန်ကြီးချုပ်နှင့် လျှစ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၃၃/၁၁ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံ တည်‌ဆောက်ပြီးဖြစ်၍ ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု(၂၀၂၉)စုမှာ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း  မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်းမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)