ရေနံချောင်း ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းကာ ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စနေကဗျာဝိုင်းအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ တက်ရောက်ခဲ့ကြပြီး ပြာသိုလပြည့်အမေများနေ့အထိမ်းအမှတ်အဖြစ် အမေ့မေတ္တာကြီးမားပုံများကို ခိုင်းနှိုင်းရေးဖွဲ့ထားသည့် ကဗျာများ၊ ဆောင်းပါးများနှင့် အမေနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်