ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများအသုံးပြုပြီး ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးရောင်းချရာတွင် အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မေမြို့ပန်း (၀၀ဒသမ၃၀)ဧက စိုက်ပျိုးထားကြောင်း၊ ယခင်နှစ်မှာ ပန်းမျိုးစေ့ချန်ထားပြီး စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမှုစနစ်ကတော့ ရေလောင်းဖို့ သင့်တော်တဲ့ကျင်းဘောင်ကို ၁၅ပေ၊ ၃ပေခန့် ပြုလုပ်ရကြောင်း၊ မေမြို့ပန်းစိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် နွားချေး၊ ပုလဲမြေဩဇာ၊ ရွက်ဖျန်းဆေးများ သုံးပြီး စိုက်ပျိုးရကြောင်း၊ နွားထယ်တစ်ရှဥ်းကို ခုနှစ်ထောင်နှုန်းပေးရကြောင်း၊ (၀၀ဒသမ၃၀)ဧကကို နှစ်ပုလင်းစိုက်ပျိုးထားကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် အပင်အသေး(၂၀၀)ကျပ်၊ အပင်အကြီး(၃၀၀)ကျပ်နှုန်းဖြင့် အပင်ပေါ်မူတည်၍ ရောင်းချရကြောင်း၊ မေမြို့ပန်းပင်များကို ဆင်ပေါင်ဝဲမြို့နယ် မြို့မစျေးတွင် ကိုယ်တိုင်ရောင်းချရကြောင်း ယခုနှစ်တွင် ယခင်နှစ်ထက် မေမြို့ပန်းစိုက်ပျိုးတောင်သူ နည်းပါးသောကြောင့် စျေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဒေါ်သန်းသန်းစိုးက ပြောကြားသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)