မကွေးတိုင်းဒေသကြီး

ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီက ကံမမြို့နယ်အသင်း(ရန်ကုန်)မှ နာယကဆရာတော် ဦးဂဏုတ္တမနှင့် အသင်းဝင်တစ်ဦးတို့က ရွှေသံလွင်ကုမ္ပဏီမှ လှူဒါန်းသော ငွေကျပ် သိန်း(၁၂၀)အား ကျောင်းအကျိုးဆောင်အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။   

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက လဲပင်ကျင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို သိရှိစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက တောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာရေးသားနိုင်ရေး သတင်းရေးသားနည်းသင်တန်း (၃/၂၀၂၅) ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာရေးသားနိုင်ရေး သတင်းရေးသားနည်း သင်တန်း (၃/၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။

နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်းကျန်းမာရေး စစ်ဆေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကျောင်းတွင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ လယ်ယာမြေများ အခြားနည်းဖြင့်အသုံးပြုရန် တင်ပြလာသော လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း လယ်ယာမြေများ အခြားနည်းဖြင့် အသုံးပြုရန် တင်ပြလာသောလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် Smart Village စီမံကိန်း ရွှေဘိုရွာသစ်ကျေးရွာ၌ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး