မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် လမ်းလျှောက်သင်္ကြန် ပိတ်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၅ နာရီက မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ်မိုးကြိုပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ်မိုးကြိုပွဲကို မြန်မာ့ရိုးရာအတာသင်္ကြန် အတက်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဘေးမဲ့ငါးလွှတ်ပွဲ အခမ်းနားတက်ရောက်

ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သားပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မဟာသင်္ကြန်အတက်‌နေ့ညနေပိုင်းက မကွေးမြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ယိမ်းအကပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့) တွင် အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသည့် ပြည်သူများဖြင့် ဆက်လက်စည်ကား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေဘင်ပွဲတော် (အတက်နေ့) နံနက်ပိုင်းကစတင်ကျင်းပခဲ့ရာ အေးချမ်းပျော်ရွှင်စွာလာရောက်ရေကစားကြသည့် သင်္ကြန်ပွဲလာပြည်သူများဖြင့် ဆက်လက်စည်းကားလျက်ရှိသည်။

မင်းလှမြို့၌  မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)ရေသဘင် ပွဲတော်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မဟာသင်္ကြန်အတက်နေ့တွင် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများကို ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများက မုန့်လုံး၊ ရွှေရင်အေး၊ မုန့်ဟင်းခါးနှင့် အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မဟာသင်္ကြန်အတတ်နေ့ မကွေးမြို့ကမ်းနားလမ်းတလျှောက် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနေမှုအား လှည့်လည်ကြည့်ရှုအားပေး

မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန် နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့ကမ်းနားလမ်းတွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ် များ၌ နေ့စဉ်စတုဒိသာမုန့်များကျွေးမွေးလျက်ရှိရာ ယနေ့မဟာသင်္ကြန်အတတ်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ကံမမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ (၁၆) ရက်နေ့နံနက်က စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ငဖဲမြို့နယ် ပဒါန်းဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံမိုးကုတ်ရိပ်သာတို့တွင် ဥပုသ်သီလခံယူဆောက်တည်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၊ မိုးကုတ်ရိပ်သာတရားစခန်းများ၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့နံနက် ၆ နာရီမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဘုရားပန်းများကပ်လှူခြင်း ဆီမီးပူဇော်၍ဆွမ်းကပ်လှူ ဥပုသ်သီလခံယူဆောက်တည်၍ ကုသိုလ်ဒါနပြုလုပ်ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး