ဖယ်ခုံမြို့နယ်၌ အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူး ရုံးများတွင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။