လိပ်သို ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်း အရ သီးနှံများစွာရှိသည့်အနက် ရော်ဘာပင် စိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ် ကြောင်း သိရပါသည်။
ရှေးယခင်က လိပ်သိုဒေသရှိ ဒေသခံများသည် အဓိကစိုက်ပျိုးသီးနှံအဖြစ် ဖာလာ၊ ဒညင်း၊ ကွမ်းသီး၊ ကွမ်းရွက်များကိုသာ စိုက်ပျိုးလျက်ရှိသော်လည်း ယခုအခါတွင် စျေးကွက်များ ၀င်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူအများအပြား စီးပွားဖြစ်သီးနှံအဖြစ် ရော်ဘာ ပင်များကိုလည်း တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
လိပ်သိုဒေသထွက် ရော်ဘာများကို ၀ယ်လက်များက ရော်ဘာအခြောက်တစ်ပေါင်ကို လက်ရှိ တွင် ငွေကျပ် ၇၂၀ မှ ၇၃၀ ကျပ်အထိ ရော်ဘာအရည်အသွေးပေါ်မူတည်ပြီး ၀ယ်ယူ၍ လိပ်သိုနှင့်အနီးစပ်ဆုံး စျေးကွက်အဖြစ် တောင်ငူမြို့ ပွဲရုံများသို့ ပို့ဆောင် ရောင်းချလျက်ရှိ ကြောင်း ရော်ဘာပင်စိုက်ပျိုးသူ ပိန်းသီလာကျေးရွာမှ ဒေသခံ ဦးစောလားဘွယ် ထံမှ သိရပါသည်။
လိပ်သိုဒေသရှိ ဒေသခံတောင်သူများသည် ဖာလာသီးနှံအပြင် အခြားသီးနှံများ ဖြစ်သည့် လိုင်ချီး၊ ကော်ဖီ၊ နာနတ်၊ နနွင်းနှင့် ဒူးရင်း အစရှိသည့် သီးနှံပင်များကိုလည်း မိမိတို့ ၏ ဥယျာဉ်ခြံ မြေကွက်များတွင် စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလျက်ရှိလာကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)