ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မိုးညိုမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်တရားရုံးတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲ ၂နာရီက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန်  မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များနှင့်  အဓိကသတင်းစကား (၁၀) ချက်ပါ အသိပညာပေးပိုစတာ  စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊   ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်တွင်   ကဝမြို့မ အမှတ်(၅)ရပ်ကွက် စမူစာကွေ့တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ နှင့် အဓိကသတင်းစကား (၁၀)ချက်ပါ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော သတ်မှတ်နိုင်ရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြောင်ဦးကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဧက ၃၅၀၀ သတ်မှတ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီအစည်းအဝေး(၁/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မကွေးမူလတန်းကျောင်းခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးအောင်ချိန် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် ၈ နာရီ ကဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများအား ဇူလိုင်လ ၆ ရက်အထိတိုးမြှင့်၍ ယာယီပိတ်ထား

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ် -၁၉ ရောဂါသည် ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလတ်ဈေးများကို ဇူလိုင်လ ၆ ရက်နေ့အထိ တိုးမြှင့်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် မြို့နယ်လဝကရုံးသို့ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွား လာစေရေးနှင့် စာပေမှရသော အသိအမြင်ဗဟုသုတများ ရရှိစေရေး၊ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် လဝကရုံးသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် အသိပညာ ပေးလုပ်ငန်းများ နေ့စဉ်အရှိန်ဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သ‌ပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှအဖွဲ့အလိုက် နေ့စဉ်တာဝန်ချထား၍  ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ