မိုင်းယောင်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အထောက်အကူ ပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က စေတနာရှင် အလှူရှင် များက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။
မိုင်းယောင်းမြို့ “Five Star”Workshop မှ အောက်ဆီဂျင်အိုး ငါးလုံး၊ လဝက မိသားစုက အောက်ဆီဂျင်အိုး တစ်လုံး၊ ဦးနွဲဥနှင့် ဦးနွဲ့မားတို့က အောက်ဆီဂျင်အိုး တစ်လုံးနှင့် တာချီလိတ်မြို့မှ ဦးအောင်ကိုဟိန်း မိသားစုက အောက်ဆီဂျင် အိုး နှစ်လုံးတို့ကို အသီးသီး ပေးအပ်လှူဒါန်းပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ရန်ကုန်မှ နန်းခင်ခမ်း မိသားစုက အလှူငွေ ကျပ်နှစ်သိန်း၊ တာချီလိတ်မြို့မှ ဒေါ်နန်းလာရွက် မိသားစု က Mask ၁၀ ဗူးနှင့် လက်သန့်ဆေးရည် ၁၀ ဗူး၊ စိုင်းအောင်ခမ်းက အလှူငွေ ကျပ် ငါးသောင်း ၊ အလင်းရောင် ပရဟိတမှ PPE ဝတ်စုံ ၂၀ စုံ၊ ကျိုင်းတုံမြို့မှ ကိုကျော်မင်းဦးက အလှူငွေ ကျပ်ငါးသောင်း၊ မိုင်းယုမြို့မှ ဦးကြည်ခိုင် မိသားစုမှ အလှူငွေ ကျပ်နှစ်သောင်း တို့ကို ပေးပို့လှူဒါန်းသည်။
မိုင်းယောင်းမြို့မှ စိုင်းခမ်းတစ် မိသားစုက အလှူငွေ ကျပ်နှစ်သိန်း၊ အမှတ်(၁)ရပ်ကွက်နှင့် ဦးထက်ဝေတင့် မိသားစု တို့က အလှူငွေ ကျပ်တစ်သိန်းစီ၊ နန်းခန်ခမ်း မိသားစု၊ ဦးအိုက်အင် မိသားစု၊ နန်းကိန်ခမ်း မိသားစုနှင့် မာစီကူညီ ထောက်ပံ့ရေးအသင်းတို့မှ အလှူငွေ ကျပ် ငါးသောင်းစီ၊ ဒေါ်နန်းခမ်း မိသားစု၊ ဦးဂျင်မီ မိသားစုနှင့် အမှတ်(၁ )ရပ်ကွက် မှ စေတနာရှင် တစ်ဦးတို့က အလှူငွေ ကျပ်နှစ်သောင်းစီ၊ နန်းအင်ခမ်းနှင့် နန်းဘိုးထောင်းတို့က အလှူငွေ ကျပ် နှစ်သောင်း၊ ဒေါ်နန်းဆေးယျက အလှူငွေ ကျပ်သုံးသောင်းနှင့် Mask ၁၀ ဗူး၊ လက်သန့် ဆေးရည် ၁၀ ဗူးတို့ကို ပေးအပ် လှူဒါန်းသည်။
ထို့ပြင် မိုင်းယောင်းမြို့မှ ဦးစိုင်းကျစ် မိသားစုက M150 နှစ်ကဒ်နှင့် သောက်ရေသန့်များ၊ စိုင်းခမ်းထိပ်က စပွန်ဆာ တစ်ဖာ၊ စေတနာရှင် လူငယ်တစ်ဦးမှ PPE ဝတ်စုံ ၁၀ စုံ၊ Cap လေးထုပ်နှင့် Glove အခု ၅၀၊ ဒေါ်နန်းလှခင် မိသားစု၊ ဒေါ်ကြူကြူဝင်း မိသားစုတို့မှ အလှူငွေ ကျပ်တစ်သိန်းစီ၊ CTC Intake 108 Group(မိုင်းယောင်း)မှ PPE ဝတ်စုံ ၁၀ စုံ၊ ဒေါ်နန်းလျှိုးရှဲန် မိသားစု၊ ဦးနိုင်နိုင်ထွန်းနှင့် မောင်ရဲဝင်းဟိန်းတို့က အလှူငွေ ကျပ် ငါးသောင်းစီ၊ ဒေါ်လူးစိန် မိသားစုမှ Cap အခု ၅၀၀၊ “ရန်ကုန်”ဆံသဆိုင်မှ PPE ဝတ်စုံ ငါးစုံတို့ကို လာရောက်လှူဒါန်းသည်။
ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့် ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင် ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်း ပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)