အင်တောမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေး

အင်တော  စက်တင်ဘာ   ၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပထမအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများအား ယနေ့နံနက်ပိုင်းက အမှတ်(၄)တပ်မတော်ဆေးရုံခုတင်(၁၀၀)ဗထူးမြို့မှ ဗိုလ်ကြီးသိန်းထိုက်နှင့် အဖွဲ့တို့က အင်တောတိုက်နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm  အမျိုးအစားကာကွယ်ဆေးကို ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှင့်အထက် သက်ကြီး ဘိုးဘွားများ၊နိုင်ငံ့ဝန်ထမ်းများမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ အင်တော တိုက်နယ် (၃၁၃) ဦး၊ ကျောက်ဂူတိုက်နယ် (၂၀၉)ဦး စုစုပေါင်း(၅၂၂)ဦးကို  ထိုးနှံပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ခိုင်