မုံရွာ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်/သီလရှင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ အတွက် ကိုဗစ်-၁၉ရောဂါ မပြန့်ပွား မကူးစက်စေရေးအား အထူးအလေးထားကာ နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ပြည်သူ့ အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် တိုင်းအားကစားကွင်း(ဖူဆယ်)၊ ကျား(၁၂၀)ဦး၊ မ(၂၀၂)ဦး၊ ပေါင်း(၃၂၂)ဦး နှင့် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျား(၁၃၅)ဦး၊ မ(၁၇၆)ဦး၊ ပေါင်း(၃၁၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် ကျား(၁၄၃)ဦး၊ မ(၁၇၅)ဦး၊ ပေါင်း(၃၁၈)ဦး၊ ဘိုးဘွားရိပ်သာတွင် ကျား(၂၇)ဦး၊ မ(၄၀)ဦး၊ ပေါင်း(၆၇)ဦး စသည့် ဆေးထိုးစုရပ် (၄)နေရာတို့တွင် ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကျား(၄၂၅)ဦး၊ မ(၅၉၃)ဦး၊ ပေါင်း (၁၀၁၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင် တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါ ရှိ/မရှိ စစ်ဆေးခြင်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကာ စိတ်ချရသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ဆေးထိုးပြီးသူများအား မိနစ်(၃၀)နားနေစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြရာ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)