ညောင်ဦး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေသည့် အိမ်ထောင်စုခြောက်စုအား ညောင်ဦး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ယနေ့နေလယ် ၁နာရီအချိန်က ရေဘေးရှောင်စခန်းသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
အဆိုပါ ရေဘေးရှောင်စခန်းများတွင် ရောက်ရှိနေသည့် အိမ်ထောင်စုများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့တို့က ခေါက်ဆွဲခြောက်ထုတ်များ၊ ရေသန့်ကတ်များနှင့် အိမ်ထောင်စုတစ်စု တစ်သောင်ကျပ်စီ ထောက်ပံ့ပေးအပ်ပြီး၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၇ ရက်စာ ဆန်ရိက္ခာနှင့် လူတစ်ဦး ၂၁၀၀ ကျပ်နှုန်းဖြင့်၊ ၂၂ ဦးအတွက် ၄၆၂၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ညောင်ဦးခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့ အောင်ထံကသိရကာ မြစ်ရေမြင့်တက်နေသည့် နေရာများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး မြစ်ကမ်းဘေး နေအိမ်ထောင်စုများအား မြွေအန္တရာယ်နှင့် အခြားအန္တရာယ်များ ဂရုပြုနေထိုင်ကြရန်တို့အား မှာကြာခဲ့ကြောင်း သိရသည်။
ကိုထိန်၊ KPD