ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီအိုး(၁၄၂၇)လုံးနှင့်အခြားကျန်းမာရေး အ‌ထောက်အကူ ပစ္စည်းများ ထပ်မံဝင်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၂) နာရီအချိန်က တစ်လုံးလျှင ်အောက်ဆီဂျင်(၄၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၁၄၂၇)လုံးနှင့် အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၇၀၉)လုံး၊ နှာခေါင်းစည်း(Mask)(၃၉၈၀)ဖာ၊ တစ်လုံးလျှင်(၂၀)လီတာဆန့် အောက်ဆီအိုး အလွတ် (၂၄၀) လုံး၊ မီတာခွက်၊အောက်ဆီဂျင်(Mask)(၃၀၀)ဖာများ တင်ဆောင်လာသည့် မော်တော်ယာဉ် များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော တစ်လုံးလျှင် အောက်ဆီဂျင်(၄၀) လီတာဆန့် အောက်ဆီဂျင်အိုး အလွတ်(၁၄၂၇)လုံးနှင့် အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ချင်းရွှေဟော်မြို့ရှိ၊ စီတိုဂိုဒေါင် နှင့် ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေတြိဂံ ဂိုဒေါင်များ၌ ခေတ္တချထားပြီး ၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမြို့နယ် များသို့ ဆက်လက်ပို့ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး (၃၇)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၃၇) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အတည်ပြုလူနာ(၅၆)ဦးထိရှိလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇူလိုင်(၁၁) ရက်နေ့မှ ယနေ့အထိ အတည်ပြုလူနာ(၅၆)ဦး ထိရှိလာကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများထားရှိ

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ်ဂိတ်များ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကိုရှေးရူ့၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါက လည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်းသိရသည်။

ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်

ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်  စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်အသိပေး နိုးဆော်ထားကြောင်း သိရသည်။ 

လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၂)ဦးထပ်မံတွေ့ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး Covid-19 ရောဂါပိုး ရှိ/မရှိ Tesk Kit စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိကြောင်း  သိရှိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ မှ မိုးစပါးလျာထားဧက (၂၉၇၄)ဧကအတွက် ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိ

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။

တနင်္သာရီတံတားထိပ်တွင် လမ်းနယ်စိမ်းလန်းစိုးပြေရေးအတွက် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းစိုက်ပျိုး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လမ်းဦးစီးဌာနမှ လမ်းနယ်များ တလျောက်တွင်စိမ်းလန်းစိုးပြေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၁ရက် နံနက်၇ နာရီအချိန်က တနင်္သာရီတံတားထိပ် အောက်ကင်းကျေးရွာဘက်ခြမ်းရှိ နဂါးရုပ်တုအနီး လမ်းနံဘေး နေရာများမှာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုး ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာတွင် ယမန်နေ့က ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ