ကျောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀)ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေး

ကျောက်ကြီး စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မူလတန်းလွန် ကျောင်း ဟောခန်းမ၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ရုံး ဦးစီးမှူးနှင့် ဌာနဝန်းထမ်းများက ရွာကြီးအင်းကျေးရွာ ဒေသခံပြည်သူများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀) ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်းမှ ရရှိသော အရင်းအတိုးပေါင်း ကျပ်သိန်း (၇၉၉၇၁၇၀၀) (ခုနှစ်ရာကိုးဆယ်ကိုးသိန်း ခုနှစ်သောင်း တစ်ထောင် ခုနှစ်ရာကျပ်) အား မြို့နယ် မြန်မာ့စီးပွားရေးဘဏ် အခြေအနေအရ (၁၃)ကြိမ် မြောက် အတိုးအရင်း ပြန်ဆပ်ငွေများအား ဘဏ်သို့မပေးသွင်းတော့ပဲ (၁၄)ကြိမ် မြောက် ချေးငွေများအား ပုံစံ(၇ - ခ)ဖြင့် နေချင်းပြီးပြန်လည်ထုတ်ချေးပေးခဲ့ကြသည်။ အဆိုပါ ရွာကြီးအင်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေစီမံကိန်းမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေ ထုတ်ယူသူ (၈၀)ဦး၊ မွေးမြူးရေးလုပ်ငန်းအတွက် ချေးငွေထုတ်ယူသူ (၉၃)ဦးနှင့် အရောင်းအဝယ်အတွက် ချေးငွေထုတ်ယူသူ (၇)ဦး စုစုပေါင်း လူဦးရေး (၁၈၀)ဦးတို့အတွက် ချေးငွေ ကျပ်သိန်း (၈၀,၁၆၀,၀၀၀) အား  ရွာကြီးအင်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေ စီမံကိန်း ကြီးကြပ်မှုကော်မတီ အစည်းဝေးဆုံးဖြတ်ချက်အရ ချေးငွေကာလ (၆)လ သတ်မှတ် ထုတ်ချေး ပေးမှာဖြစ်ပြီး၊ အတိုးနှုန်းမှာ တစ်ရာကျပ်လျှင် (၁)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းရွာကြီးအင်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေ စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ ပြောပြချက်အရသိရသည်။

 မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊​ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊​ ကျေးရွာမတည်ရန်ပုံ​ငွေစီမံကိန်း၊နှင့် အခြားအသက်မွေးဝမ်းကျောင်း အထောက်ကူပြု သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျှက် ရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းနှင့်​ ကျေးရွာမတည်ရန်ပုံ​ငွေစီမံကိန်းများမှ ကျေးလက်ဒေသမိသားစုများ ဝင်ငွေတိုးပွားဖို့ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးများ ဆောင်ရွက်ရန်အတွက် ကျေးရွာနေပြည်သူများကိုယ်တိုင် စီမံခန့်ခွဲသည့် အရင်းအနှီးတစ်ခု ထူထောင်ပေးလျှက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေနှင့် ဒေသနှင့်ကိုက်ညီမည့် အခြေခံအသက်မွေးဝမ်းကျောင်း အထောက်ကူပြု သင်တန်းများအား ရရှိသည်ရန်ပုံငွေပေါ်မူတည်၍ လုပ်ဆောင်ပေးလျှက်ရှိကြောင်း ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သင်းသင်းရီ ပြောကြားချက်အရသိရသည်။

မြို့နယ်ပြန်/ဆက်