ကျိုက်လတ်မြို့နယ်တွင် ဆန်စက် လုပ်သား၁၀၆၄ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်လတ်   စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၁၀၆၄)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးရာတွင် ကျိုက်လတ်မြို့နယ်အထက-၁ကျောင်း၊ MAPCOပေါင်းဆန်စက်၊ အမှတ်  ၆ရပ်ကွက်ပြည့်လျှံဆန်စက်နှင့်အမှတ် ၆ ရပ်ကွက် ရွှေသားကျောင်းတတို့တွင်စုရပ်  ၄  ခုခွဲ၍ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးစုရပ်အဝင်ဝတွင် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် သတ်မှတ်နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးပြီးသူများကိုလည်း ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊  ပုံမှန် အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ထွက်ခွာရန်ရှိပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ပြီးမှအပြင်သို့ထွက်ရန် စသည်တို့ကို အသိပညာပေးမျှ ဝေပေးခဲ့ကြသည်။

ဌေးဌေးလှိုင်