ဟိုပန်၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ တွေဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်
နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီ ခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။